မိတ္ထီလာ (ဇူလိုင် ၂၇ ရက်၊ ၂၀၂၀ ခုနှစ်)

မိတ္ထီလာခရိုင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက် နံနက်ပိုင်းက မလှိုင်မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ မလှိုင်မြို့နယ် ကျန်းမာရေးမှူးအသင်းနာယက ဒေါက်တာနေမင်းမျိုးထွန်းနှင့် ဦးလှရွှေ၊ တိုင်းကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးလှဟန်၊ ခရိုင်ကျန်းမာ‌ရေးမှူအသင်းဥက္ကဋ္ဌဦးဝင်းအောင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းမှ ဖိတ်ကြားးထားသူများတက်ရောက်ခဲ့ကြပါသည်။

115600518 3084336398349922 432559490446405110 n

အစည်းအဝေးတွင် မလှိုင်မြို့နယ်နာယက ဒေါက်တာနေမင်းမျိုးထွန်းနှင့် အသင်းနာယက ဆရာကြီး ဦးလှရွှေတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး တိုင်းအသင်းဥက္ကဌဦးလှဟန်က ဗဟိုအသင်းမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်းအသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိအသင်းသားအင်အားနှင့် ရာသက်ပန် အသင်းဝင်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ခရိုင်အသင်းဥက္ကဌ ဦးဝင်းအောင်မှ ခရိုင်အသင်း၏ လုပ်ရှားဆောင်ရွက်မှုများ၊ အသင်းဝင်အင်အား အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မိတ္ထီလာခရိုင်အသင်း ဘဏ္ဍာရေးမှူး ဒေါ်ချောစုလှိုင်မှ ခရိုင်အသင်းရံပုံ‌ငွေများအ‌ကြောင်းကို ရှင်းပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသောမြို့နယ်ဥက္ကဌများ၊အတွင်းရေးမှူးများနှင့် ပြည်သူ့ကျန်းမာ‌ရေးကြီးကြပ်အသင်းမှတက်ရောက်သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။


ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA