ရန်ကုန် (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်)

ကျန်းမာရေးမှူးနှင့်ပြည်သူ့ကျန်းမာရေး ကြီးကြပ်ကောင်စီဥပဒေအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုရုံးချုပ် ဦးထွန်းကြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

Au20 011Au20 011
၎င်းအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဗဟို နာယကကြီးများဖြစ်ကြသော ဆရာကြီး ဦးအေးမြင့်၊ ဆရာကြီးဦးစိုးတင့်၊ ဆရာကြီး ဦးချစ်သောင်းနှင့် အသင်းဥက္ကဌ ဦးမြသွင်၊ ဒု-ဥက္ကဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို နှင့် ဗဟိုအမှုဆောင်များ တက်ရောက်ခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းမှ ဥက္ကဌ ဦးအောင်လွင်၊ ဒု-ဥက္ကဌ (၁) ဦးသီဟအောင်၊ ဒု-ဥက္ကဌ (၂) ဦးဝင်းဇော်၊ စာရင်းစစ် (၂) ဦးကိုကိုနိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

Au20 015

အစည်းအဝေးတွင် (၁) ကျန်းမာရေးမှူးနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်ကောင်စီအတွက် ကျန်းမာရေး ကြီးကြပ် -၁ နှင့် ကျန်းမာရေးကြီးကြပ် -၂ ကိုယ်စားလှယ်အမည်စာရင်းအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသို့ ယနေ့မှ စ၍ တစ်လအတွင်း အမည်စာရင်းတင်သွင်းရန်၊ (၂) ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် အသင်းတို့အား တစ်သင်းတည်းအဖြစ် ပေါင်းစည်းရန် သဘောတူပြီး ပေါင်းစည်းရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေးရန် သဘောတူဆုံးဖြတ် ခဲ့ကြသည်။

ထို့နောက် တက်ရာက်လာကြသော ကိုယ်စားလှယ်များမှ အသင်းနှစ်သင်းပေါင်းစည်းပြီး စည်းလုံးညီညွှတ်စွာ ရပ်တည်နိုင်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးမှူးနှင့်ပြည်သူ့ကျန်းမာရေး ကြီးကြပ်ကောင်စီဥပဒေ ရေးရာကိစ္စရပ်များ နှင့် ရှေ့ဆက်ဆောင်ရွက်လုပ်ကိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA