စစ်တွေ ( ၂၀၂၀ ပြည့်နှစ် ၊ သြဂုတ်လ ၁၁ ရက်)

၂၀၂၀ - ပြည့်နှစ် ၊ ရခိုင်ပြည်နယ် ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့နယ်မှာရှိတဲ့ ဦးဥတ္တမ ခန်းမ မှာ သြဂုတ်လ (၁၁) ရက်နေ့က ပြုလုပ်ခဲ့သည်။

သြဂုတ်လ တစ်လလုံးသည် မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝခြင်းအတွက် လှုံ့ဆော်မှုများ လုပ်ဆောင်သည့် လဖြစ်သည်။
အာဟာရချို့တဲ့ခြင်းသည် ရခိုင်ပြည်နယ်အတွက် စိန်ခေါ်မှုကြီးမားသည့် ပြည်သူ့ကျန်းမာရေးတစ်ခုဖြစ်ကြောင်းကို ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Au20 02 1
" အသက် (၅) နှစ်အောက် ကလေးတွေ အာဟာရချို့တဲ့နေရတဲ့ အကြောင်းရင်းက ကလေးငယ်များ သန္ဓေသားဘဝမှ အသက် (၂) နှစ်အထိ ဘဝရဲ့အစ ပထမ ရက်ပေါင်း (၁၀၀၀) ကာလမှ အာဟာရမပြည့်ခဲ့လို့ပဲဖြစ်ပါတယ်။


အစကောင်းမှ အနှောင်းသေချာမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ရင်သွေးငယ်များကို ကနဦး ရက် (၁၀၀၀) မှာ အာဟာရပြည့်ဝအောင် ကျွေးမွေးစောင့်ရှောက်မှုပေးနိုင်မှ သာလျှင် ကာယဉာဏစွမ်းရည်များ စံမီတဲ့ နိုင်ငံသားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။


ဒီလို ရက် (၁၀၀၀) မှာ အာဟာရပြည့်ဝစွာ ရရှိရေးအတွက် ရည်ရွယ်ပြီး (MCCT) ဆိုတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့(၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကို ရခိုင်ပြည်နယ်မှာ (၂၀၀၇) ခုနှစ် ဇူလိုင်လက စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။


(၂၀၀၇) ခုနှစ်မှာ ကိုယ်ဝန်ဆောင်နဲ့(၂) နှစ်အောက် ကလေး စုစုပေါင်း ( ၁၀၇,၁၂၆) ဦး ၊ ၂၀၁၈ ခုနှစ်မှာ ကိုယ်ဝန်ဆောင်နဲ့(၂ ) နှစ်အောက် ကလေး စုစုပေါင်း (၃၉၁,၉၈၈) ဦးကို ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးခြင်း၊ ကလေးသူငယ်များအား အာဟာရစောင့်ရှောက်မှုပေးခြင်း စတဲ့ ဝန်ဆောင်မှုများနဲ့ အတူ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်" ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

Au20 02 9

ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် မှလည်း "အာဟာရဖွံ့ဖြိုးမှုနဲ့ ပက်သက်ပြီး တိုင်းတာတဲ့ စံနှုန်းတွေ ဥပမာအားဖြင့် လတ်တလော အာဟာရ ချို့တဲ့လို့ပိန်တာ ၊ နာတာရှည် အာဟာရချို့တဲ့လို့အရပ်ပုတာ ၊ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမပြည့်ဝလို့ပေါင်မပြည့်တဲ့ ကလေးတွေမွေးတာ ၊ သွေးအားနည်းတာ ၊ ဗီတာမင်အေ ချို့တဲ့တာ ၊ဗီတာမင်ဘီဝမ်း ချို့တဲ့တာ ၊ အိုင်အိုဒင်းချို့တဲ့တာ စသဖြင့် ရှိကြပါတယ်။ အဲလိုတိုင်းတာတဲ့ စံနှုန်းတွေအရ ကျွန်တော်တို့ရခိုင်ပြည်နယ်ဟာ အာဟာရချို့တဲ့မှုများပြီး ထိပ်နားမှာ ရောက်နေတာ ရှိပါတယ်" လို့ဆိုပါတယ်။

"ဒါ့အပြင် COVID -19 ကြောင့် လူမှုရေး ၊ စီးပွားရေး အားဖြင့် ကန့်သတ်ထားတဲ့ အရာတွေများနေပြီး ရခိုင်ပြည်နယ်ရဲ့ဒေသတော်တော်များများမှာ မငြိမ်းချမ်းမှုတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာတဲ့အခါ နဂိုရှိရင်းစွဲ အာဟာရပြသနာတွေကို ပိုမိုဆိုးရွားမလာအောင် ထိန်းချုပ်နိုင်ဖို့ အထူးလိုအပ်လျက်ရှိပါတယ်။ နောက်ထပ် အာဟာရချို့တဲ့တဲ့ ကလေးများ မတိုးပွားလာဖို့လဲ ကြိုးစားကာကွယ်ရပါမယ်။ ဒါ့အပြင် COVID -19 ကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက်လည်း အာဟာရပြည့်ဝမျှတနေဖို့အရေးကြီးလှပါတယ်" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှ အာဟာရဆိုင်ရာ မေးခွန်းများ ဖြေကြားခြင်း၊ မေးခွန်းများအား ဖြေကြားရာတွင် အမှတ်အများဆုံးရရှိသည့် မိခင်များအား ဆုချခြင်း ၊ လက်ဆောင်များပေးအပ်ခြင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ နို့်တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လက်ဆေးဆပ်ပြာဂျယ်များ ထောက်ပံ့ပေးခြင်း၊ အခမ်းအနားတက်ရောက်လာသူများအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝန်ထမ်းများမှ မှတ်တမ်းတင်ပေးခြင်း များ ပြုလုပ်ပေးခဲ့ပါသည်။

Au20 02 4Au20 02 3

COVID -19 ကာကွယ်ရေးအတွက်လည်း လက်ဆေးခြင်း၊ လက်ဆေးဂျယ် အသုံးပြုခြင်း၊ Mask တပ်ဆင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် ၃ပေ အကွာတွင် နေထိုင်စေခြင်းစသည့် နည်းလမ်းများ အသုံးပြုပြီး အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်မှာရှိတဲ့ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စုစုပေါင်း ၁၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှလည်း အခမ်းအနားမှာ ပူးပေါင်းပါဝင်ခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၏လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များ၊နို့တိုက်မိခင်များနှင့်(၂)နှစ်အောက်ကလေးများအတွက် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများ၊ ကျန်းမာရေးနှင့်ညီညွတ်ပြီးအာဟာရပြည့်ဝသည့်ဟင်းချက်နည်းလက်တွေ့သရုပ်ပြ အစီအစဉ်များ၊ အာဟာရဆိုင်ရာအသိပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA