ရှမ်းပြည်နယ် (စက်တင်ဘာလ ၄ ရက်၊ ၂၀၂၀ ခုနှစ်)
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွားလျှက်ရှိပြီး ရောဂါကာကွယ်နှိင်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများမှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိသည်။
 
MHAA Support to Diphtheria Active Case Control 6
 
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း "ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်"မှ ဝန်ထမ်းများသည် ဆုံဆို့နာရောဂါ ဖြစ်ပွားလျှက်ရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် ဆုံဆို့နာရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် သံသယလူနာရှာဖွေခြင်း၊ အနီးကပ်ထိတွေ့သူများအား Chemoprophylaxis တိုက်ကျွေးမှုအခြေအနေများအား ပါဝင်ကူညီခြင်း၊ ဆုံဆို့နာရောဂါလက္ခဏာ တစုံတရာရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးလာရောက်ပြသကြရန် ပညာပေးနှိုးဆော်ခြင်း စသည့် လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကူညီဆောင်ရွက်လျှက်ရှိကြသည်။
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် တွင် ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွားမှု (outbreak) သတင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဩဂုတ်လ (၂) ရက်နေ့တွင် သတင်းပေးခဲ့ပြီး လူနာသစ်ရှာဖွေမှု (active case search) လုပ်ငန်းများဆောင်ရွက်ခဲ့ရာ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသအချို့တွင် ဆုံဆို့ရောဂါဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
 
သြဂုတ်လ (၁၄) ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင်ပြုလုပ်သည့် ဆုံဆို့နာရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆုံဆို့နာရောဂါ (Diphtheria) အပါအဝင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများ ဖြစ်ပွားခြင်းအကြောင်းအရင်းများမှာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းခြင်း၊ သက်ဆိုင်ရာ လူအုပ်စု၏ စုပေါင်းရောဂါခုခံကာကွယ်နိုင်မှု (herd immunity) အားနည်းခြင်း၊ ရွှေ့ပြောင်းနေထိုင်သူဦးရေများပြားခြင်း၊ ရောဂါကိုယ်ခံစွမ်းအားနည်းပါးသောလူအုပ်စု အတွင်းသို့ ရောဂါဝင်ရောက်လာခြင်း၊ ရောဂါပိုး၏ ပြင်းထန်မှုမြင့်မားခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
MHAA Support to Diphtheria Active Case Control 5
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နယ်မြေဒေသ သွားလာရခက်ခဲမှုနှင့် နယ်မြေဒေသလုံခြုံရေးအခြေအနေများသည် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအပေါ် များစွာသော အကျိုးသက်ရောက်မှုရှိကြောင်း ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် မှတ်ချက်ပြုပြောကြားခဲ့သည်။
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များရှိ ကျေးရွာများမှာ ဝေးလံပြီး သွားလာရခက်ခဲခြင်း၊ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းခြင်း၊ ဘာသာစကားအခက်အခဲ စသည့်အခြေအနေများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလက်လမ်းမီ ရရှိရေးအတွက် အခက်အခဲများရှိနေပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းပျဉ်း မြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်များဆောင်ရွက်လျှက်ရှိသည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း "ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်"မှ ဝန်ထမ်းများသည် ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ ဆုံဆို့ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျှက်ရှိသည်။
 
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA