လှိုင်းဘွဲ့(ဩဂုတ်လ ၂၆ရက်၊၂၀၂၀ခုနှစ်)
 
(၂၀၂၀)ပြည့်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ပိုင်ကျုံကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပိုင်ကျုံမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်မှ အခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပိုင်ကျုံကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးမှ အာဟာရနှင့်ပတ်သက်သည့် ကြယ် (၄)ပွင့် အကြောင်းရှင်းလင်းပြောကြားခဲ့သည်။

Sep20 50 3

ဆက်လက်၍ ပိုင်ကျုံကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ‌ဒေါ်နန်းသီသီအေးမှ အာဟာရပြည့်ဝသည့်အစားအစာများ ချက်ပြုတ်သရုပ်ပြခဲ့ပြီး အစာအုပ်စု (၃)စု အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
 
ထို့အပြင် ပိုင်ကျုံကျန်းမာရေးဌာနမှ သားဖွားဆရာမ ‌ဒေါ်နန်းခင်လှဝင်းမှ စနစ်တကျ မိခင်နို့တိုက်ကြွေးခြင်းနှင့် စံပြကိုယ်ဝန်ဆောင်များအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
 
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်အရာရှိ ဦးလွှမ်းမိုးမှ ‌ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေး‌စောင့်ရှောက်ရေးလက်လှမ်းမီရရှိရေး စီမံချက်ကို (၂၀၁၉) ဇန်နဝါရီလမှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ စီမံချက်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊ အာဟာဖွံ့ဖြိုးရေးလုပ်ငန်း၊ တီဘီရောဂါတိုက်ဖျတ်ရေးလုပ်ငန်း၊ ငှက်ဖျားရောဂါတိုက်ဖျတ်ရေးလုပ်ငန်းနှင့် မျိုးဆက်ပွားကျန်းမာ‌ရေးပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံချက်လုပ်ငန်းများနှင့်ပတ်သက်ပြီးပြောကြားခဲ့ပါသည်။
 
အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား မိခင်နှင့်ကလေး ဥက္ကဌ ဒေါ်အေးယုအောင် နှင့် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်နန်းသီသီအေးတို့က အာဟာရနှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာဗဟုသုတ မေးခွန်းများမေးမြန်းဆွေးနွေးကာ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။
 
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA