ရန်ကုန် (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၀ ခုနှစ်)
ယခုလ (စက်တင်ဘာလ)အတွင်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တင်ပြလာသည့် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးမှူး( ၂၇)ဦး ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ (၁)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် -၂ (၉ )ဦး နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းစီမံချက်လုပ်ငန်းများမှ ဝန်ထမ်း(၈)ဦး စုစုပေါင်း (၄၅)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ၄၅၀၀,၀၀၀ (ကျပ်လေးဆယ့်ငါးသိန်းတိတိ)အား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ထောက်ပံပေးခဲ့ပါသည်။
