မကွေးမြို့ (စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှ မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အလှူငွေ ကျပ် ၈၅၀,၀၀၀(ရှစ်သိန်းငါးသောင်းတိတိ) တန်ဖိုးရှိ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး အသုံးအဆောင်ပစ္စည်းများကို စက်တင်ဘာလ (၂၁) ရက်နေ့က လှူဒါန်းပေးအပ်ခဲ့သည်။
119704174 3493051040757215 9048507845803447537 n
ကျပ် ၈၅၀,၀၀၀(ရှစ်သိန်းငါးသောင်းတိတိ) တန်ဖိုးရှိ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး အသုံးအဆောင်ပစ္စည်းများကို စက်တင်ဘာလ (၂၁) ရက်က မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ကိုယ်စား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မကွေးတိုင်းဒေသကြီး)ဥက္ကဌ ဦးမောင်မောင်ချမ်းသင်နှင့် ဘဏ္ဍာရေးမှူး ဦးအောင်ပိုက် တို့မှ သွားရောက်လှူဒါန်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်မှ လက်ခံယူခဲ့ကာ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
 
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း