ရန်ကုန် (စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပါဝင်လုပ်ကိုင်လျှက်ရှိသည့် Covid-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် သက်ကြီးကျန်းမာရေးမှူးများဂါဝရပြုရန်အတွက် အလှူရှင်များမှ လှူဒါန်းငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
 
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နေ ဦးမြင့်သိန်းပြည့် (ကျန်းမာရေးမှူး) +ဒေါ်အေးအေး(ကျန်းမာရေးမှူး) တို့မှ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေ ကျပ် ၁၀၀,၀၀၀ (တစ်သိန်းတိတိ)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ယာနေ ဦးတင့်ရွှေ (ကျန်းမာရေးမှူး) + ဒေါ်စန်းစန်းမြင့်(ကျန်းမာရေးမှူး)(မေတ္တာဆေးခန်း) မှ အသက်(၇၅)နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ကျပ် ၅၀,၀၀၀ (ငါးသောင်းတိတိ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဒေါ်မြင့်မြင့် (ကျန်းမာရေးမှူး ) မှ အသက်(၇၅)နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ကျပ် ၁၀၀,၀၀၀ (တစ်သိန်းတိတိ) နှင့်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နေ ဦးစိုးသိန်း (ကျန်းမာရေးမှူး ) + ဒေါ်မသန်းရီ မှ အသက်(၇၅)နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ကျပ် ၁၀၀,၀၀၀ (တစ်သိန်းတိတိ) ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း