တန့်ဆည် (အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ တန့်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အောက်တိုဘာလ (၁၈) ရက်က သွားရောက်လှူဒါန်းခဲ့ပါသည်။

 122050527 3577455098983475 862672374739124724 n

အဆိုပါလှူဒါန်းပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်း) ဥက္ကဌ ဦးသန့်စင်ဦးက သွားရောက်လှူဒါန်းပေးအပ်ခဲ့ပြီး တန့်ဆည်မြို့နယ် မြို့မ ကျန်းမာရေးမှူး ဦးရဲမင်းစိုးက လက်ခံရယူခဲ့သည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း