ခရမ်းမြို့၊ ရန်ကုန် ( နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဌ ဦးမြသွင်နှင့် ခရမ်းမြို့နယ် ကျန်းမာရေးမှူးအသင်း အသင်းဝင်များသည် နိုဝင်ဘာလ (၉) ရက်နေ့ ညနေပိုင်းက ခရမ်း မြို့နယ်၊ ကရင်ကန် ကျေးရွာရှိ သက်ကြီး ကျန်းမာရေးမှူးတစ်ဦးထံသို့ သွားရောက် ဂါရဝပြု ခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဌ ဦးမြသွင်၊ ခရမ်းမြို့နယ် ကျန်းမာရေးမှူး (အဆင့် - ၁) ဒေါ်ဥမ္မာဦးနှင့် အသင်းဝင်များသည် ခရမ်းမြို့နယ် ကရင်ကန် ကျေးရွာရှိ အငြိမ်းစားကျန်းမာရေးမှူး (အဆင့် -၁) ဆရာမကြီး ဒေါ်ခင်တိုးဝင်းထံ သွားရောက် တွေ့ဆုံ၍ ကျန်းမာရေး အခြေအနေများမေးမြန်း၍ အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ဆရာမကြီး ဒေါ်ခင်တိုးဝင်းအား ထောက်ပံ့လှူဒါန်းငွေဖြင့် ဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဌ ဦးမြသွင်နှင့် ခရမ်းမြို့နယ် ကျန်းမာရေးမှူးအသင်း အသင်းဝင်များသည် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ် ဆရာဝန်ကြီးဖြစ်သူ ဒေါက်တာ ခင်မောင်ရင်နှင့် တွေ့ဆုံ၍ Covid - 19 ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များ၊ ကျန်းမာရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။