ရန်ကုန် ( နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Maternal Health Training ကို နိုဝင်ဘာလ ၁၉ ရက်နေ့၊ နေ့လည်ပိုင်းအချိန်၌ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)ရုံး အစည်းအဝေးခန်းမမှ နေ၍ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် (အရှေ့) တို့တွင် REAL project ဆောင်ရွက်နေသော စီမံချက်ဝန်ထမ်းများအား အွန်လိုင်းမှနေ၍သင်တန်းပေးခြင်း ပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်၊ ဒု-ဥက္ကဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကိုတို့မှ တက်ရောက်ခဲ့ကြသည်။

Nov2020 50 11ကျန်းမာရေးမှူးများအနေဖြင့် မိမိတို့ပါတ်ဝန်းကျင်တွင် တွေ့ရမည့် မိခင်များအားလုံးကို ကျန်းမာရေးအသိပညာများ ပိုမိုမျှဝေစေနိုင်မည့် ရည်ရွယ်ချက်ဖြင့် ယခုသင်တန်းအား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဌ ဦးမြသွင်မှ "အဖွဲ့ဝင်အားလုံးကို Capacity Building မြင့်မားလာအောင်လို့အခုလို Covid ကာလမှာ အွန်လိုင်းကနေတဆင့် ပြုလုပ်ပေးတာဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ဒီလိုသင်တန်းတွေ ဆက်ပြီး ပေးဖို့လည်း အစီအစဉ်ရှိပါတယ်" ဟုသင်တန်းအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

Nov2020 50 2
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အကြံပေးပုဂ္ဂိုလ် ပါမောက္ခချုပ် (ငြိမ်း) Prof. Dr. စန်းစန်းမြင့်အောင် (မကွေး-အခြေခံကျန်းမာရေးတက္ကသိုလ်) မှ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမီးဖွားပြီးချိန် မီးတွင်းကာလကျန်းမာရေးနှင့်ပက်သက်သည့် ပညာပေးသင်တန်း (Maternal Health Training ) ကို online မှတစ်ဆင့် သင်တန်းပေးခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် ( Reaching Equitable Access to Health through Local-empowerment (Real) KSS Grant ) နှင့် ချင်းပြည်နယ်မှ ဝန်ထမ်းများအားလုံး စုစုပေါင်း ၅၅ ဦးအား ပထမနေ့တွင် သင်တန်းပေးခဲ့ပြီး သင်တန်းဒုတိယနေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် ( Reaching Equitable Access to health through Local-empowerment (REAL) KKM Grant) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း PATH-R စီမံချက် မှ ဝန်ထမ်းများ စုစုပေါင်း (၅၇) ဦးအားသင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA