ကျွန်တော်တို့ လူသားတွေရဲ့ အညစ်အကြေး မစင်များဟာ သေစေနိုင်တဲ့ ရောဂါပိုးမွှားများကို ပေါက်ဖွားနိုင်တာကြောင့် စနစ်တကျ လုံခြုံစွာ အညစ်အကြေး စွန့်ဖို့လိုပါတယ်။ ရေအိမ်စနစ်တကျသုံးခြင်းဟာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု၊ အစားအစာ လုံခြုံမှုတို့အတွက်လည်း ကာကွယ်ခြင်းဖြစ်ပါတယ်။