စစ်ကိုင်း ( ၂၅ ရက် နိုဝင်ဘာ၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) မှ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့သည်။
127186907 3681599468569037 9219774327765336506 n
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) ဥက္ကဌ ဦးသန့်ဇင်ဦး ၊ဆရာ ဦးကျော်မြင့်တို့အဖွဲ့သည် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို သွားရောက်လှူဒါန်းရာ ယင်းမာပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကိုယ်စား မြို့မ ကျန်းမာရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။