အမ်းမြို့နယ် ( ဒီဇင်ဘာ ၆ ၊ ၂၀၂၀ ခုနှစ် )
 
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၆) ရက် ၊ ၂၀၂၀ ခုနှစ်တွင် အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုအစီအစဉ်ဖြင့် အမ်းမြို့နယ်ရှိ မြို့သစ်ဈေးတွင် လက်သန့်ဆေးရည် နှင့် နှာခေါင်းစည်းများကို ဈေးဝယ်လာသော ပြည်သူလူထုများအား အခမဲ့ ပေးဝေခဲ့ပါသည်။

 Dec20 503

နှာခေါင်းစည်း ၁၀၀၀ဗူး ၊ လက်သန့်ဆေးရည် အခုရေ ၂၀၀ နှင့် CRPD Books ၃၀ မျှဝေပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ အမျိုးသမီးရေးရာအဖွဲ့ ၊ မသန်စွမ်းသူ၂ ဦး ၊ အမ်းမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် အခြား NGO ၊ INGO အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA