ရန်ကုန် (ဒီဇင်ဘာ ၈ ၊ ၂၀၂၀ ခုနှစ်)
 
(၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အသင်းဝင်များ၏ သား/သမီးများအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဂုဏ်ပြုချီးမြင့်ငွေ ပေးအပ်လျက်ရှိပါသည်။

 

ဂုဏ်ထူးတစ်ဘာသာလျှင် (၂၀၀၀၀/-) ကျပ်နှုန်းဖြင့် ချီးမြှင့်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ ဂုဏ်ပြုချီးမြှင့်ငွေ လျှောက်ထားသူ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ အရေအတွက် ၂၁ ဦးအား ၁၄၀၀၀၀၀/-ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။
 
ထို့အတွက်လျှောက်ထားရန် ကျန်ရှိနေသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ် ကျန်းမာရေးမှူးအသင်း ဥက္ကဌ များမှတဆင့် ဂုဏ်ထူးရကြောင်း သက်သေခံ အထောက်အထားအဖြစ် အောင်စာရင်းစာရွက်မိတ္တူ ၊ ဖခင်အမည်နှင့် မိခင်အမည် ၊ မိခင် (သို့ ) ဖခင် ၏ ကျန်းမာရေးမှူးအသင်းဝင်ကဒ်မိတ္တူ ၊ နေရပ်လိပ်စာ တို့နှင့်အတူ လျှောက်ထားနိုင်ပါကြောင်း အသိပေးနှိုးဆော်လိုက်ပါသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA