ရန်ကုန် ( ဒီဇင်ဘာလ ၂၂ ရက် ၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရှိ Access to Health Fund ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော Real Project (SHAN) ၏ Annual Review Meeting (2020) ကို ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် virtual platform (အွန်လိုင်း) ဖြင့်ပြုလုပ်ခဲ့ပါသည်။

 IMG 1347

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင် ၊ ဒုတိယဥက္ကဌ ဦးဌေးအောင် ၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ စီမံကိန်း ဒါရိုက်တာနှင့် စီမံကိန်းမန်နေဂျာများ၊ စီမံချက်မန်နေဂျာနှင့် စီမံချက်အရာရှိများ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်အတွင်းရှိ စီမံချက်ဝန်ထမ်းများမှလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြကာ အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။
၂၀၂၀ခုနှစ်အတွင်းရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းစီမံချက်ဝန်ထမ်းများနှင့်နယ်မြေခံအခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးမှူးအသင်းဝင်များ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။
IMG 1398IMG 1399

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ စီမံကိန်းအောင်မြင်မှုအပေါ် စီမံချက်ဝန်ထမ်းများအား ဂုဏ်ပြုပြောကြားခဲ့သည်။ အသင်းရှိ စီမံကိန်းအပြောင်းအလဲများကို အသင်းဝင်များနှင့် စီမံချက်ဝန်ထမ်းများအား အသိပေးပြောကြားခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရပ်များကိုလည်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
ထို့အပြင် အသင်းဝင်ကျန်းမာရေးမှူးများနှင့် စီမံချက်ဝန်ထမ်းများအနေဖြင့် အသင်းအပေါ်အထင်အမြင်လွဲမှားစေနိုင်သည့် အရေးအသားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားနေမှုများအား ဆင်ခြင်သတိပြုရှောင်ရှားကြပါရန် သတိပေးပြောကြားခဲ့သည်။
 
ထို့နောက် စီမံကိန်းနှင့်စီမံချက်ဝန်ထမ်းများမှ စီမံကိန်း၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများ၊ စီမံချက်၏ လုပ်ငန်းအောင်မြင်မှုများ၊ အခက်အခဲအတားအဆီးများ နှင့် အခြားစီမံချက်လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း