ကျောက်ပန်းတောင်း (ဒီဇင်ဘာလ၂၈ရက်နေ့ ၊၂၀၂၀ခုနှစ်)
 
Covid -19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက်ကျောက်ပန်းတောင်းမြို့နယ်တွင်မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့်ကျောက်ပန်းတောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူး‌ေပါင်း၍ နှာခေါင်စည်းMaskများနှင့် Covid-19 ကာကွယ်ရေးဆိုင်ရာလက်ကမ်းစာ‌ေစာင်များ အခမဲ့ဝေငှခြင်းကို ဒီဇင်ဘာ(၂၈)ရက်နေ့ နံနက်ပိုင်းကကျောက်ပန်းတောင်းမြို့နယ်၊မြို့မစျေး၌ပြုလုပ်ခဲ့သည်။
133360846 3769645146431135 4084146484659312334 n
အဆိုပါအခမဲ့ဝေငှခြင်းကိုမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ဦးလှဟန်၊ကျောက်ပန်းတောင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခိုင်ခိုင်(သွားဆရာဝန်)၊မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ကျောက်ပန်းတောင်း)၊မြို့နယ်ဥက္ကဌဦးကျော်သူရ(HA)၊ဒေါ်ဖြူဖြူထွေး(PHS2)နှင့်တာဝန်ရှိသူများပူးပေါင်းကာ
မြို့မဈေးအတွင်းရှိစျေးသည်များ၊စျေးဝယ်သူများနှင့်လမ်းသွားလမ်းလာပြည်သူများအားတစ်ခါသုံးMaskအခု‌ေရ ၅၀၀နှင့် Covid-19 ကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်အစောင်ရေ(၅၀၀)တို့ကိုဝေငှပေးခဲ့ပြီးCovid19ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန်အသိပညာပေးခြင်းကိုလည်းဆောင်ရွက်ခဲ့ကြသည်။
 
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း