ရန်ကုန် ( ဒီဇင်ဘာလ ၂၈ ရက် ၊ ၂၀၂၀ ခုနှစ် )
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်" End TB Project " ၏ နှစ်ပတ်လည် စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအပေါ်တွင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို Virtual Meeting ဖြင့် ပြုလုပ်ခဲ့ကြသည်။

 IMG 1544.jpg1

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နှင်းရေး ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင် နှင့် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမန်နေဂျာ ဒေါက်တာချိုချိုစန်း ၊ တိုင်းနှင့်ပြည်နယ်ရှိ တီဘီဆရာဝန်ကြီးများ၊ UNOPS မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ ဗဟိုစီမံကိန်းဒါရိုက်တာ ဒေါက်တာသရဖီအောင် ၊ ဗဟိုစီမံကိန်းမန်နေဂျာ နှင့် စီမံချက်မန်နေဂျာများ တက်ရောက်ခဲ့ကြသည်။
 
ပထမဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နှင်းရေး) ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
 
တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်ဝန်ထမ်းများအနေဖြင့် ကျေးရွာဒေသများမှ ပြည်သူလူထုများ၊ BHS ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လစဉ်အစီရင်ခံစာများအား ဝန်ကြီးဌာနသို့ပုံမှန် တင်ပြပေးရန်လိုအပ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင် မှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း MHAA အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ထိုနောက် စီမံချက်ဝန်ထမ်းများမှ စီမံချက်အောင်မြင်မှုများ ၊ လက်ရှိဆောင်ရွက်နေသည်များနှင့် ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်မှုများ ၊ လာမည့် ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရန်များကို ဆွေးနွေး ခဲ့ကြသည်။
 
ပြန်ကြားရေး /မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း