ရန်ကုန် ( ဒီဇင်ဘာလ ၃၀ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)
 
CpA TB project နှစ်ပတ်လည် စီမံချက်လုပ်ငန်း ပြန်လည်ဆန်းစစ်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ရှိ ဦးထွန်းကြည်ခန်းမတွင် ပြုလုပ်ခဲ့ပြီး စီမံချက်ဝင် တစ်ခြားမြို့နယ်များမှ စီမံချက်ဝန်ထမ်းများမှလည်း Virtual Platform မှတစ်ဆင့် တက်ရောက်ရောက်ခဲ့ကြသည်။

 IMG 1657.jpg1IMG 1689.jpg1

အစည်းအဝေးသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုစီမံကိန်း ဒါရိုက်တာ ဒေါက်တာသရဖီအောင် ၊ စီမံချက်မန်နေဂျာနှင့် စီမံချက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
 
ရှေးဦးစွာ ဥက္ကဌ ဦးမြသွင် နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှ အမှာစကားပြောကြားခဲ့ကြပြီး ဗဟိုစီမံကိန်းဒါရိုက်တာ ဒေါက်တာသရဖီအောင်မှ ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
 
ဆက်လက်၍ ဗဟိုစီမံကိန်းမန်နေဂျာ ဦးသန့်ဇော်မှ အသင်းနှင့်ပက်သက်သော သတင်းအချက်အလက်များကို ဝန်ထမ်းများသို့မျှဝေပေးခဲ့သည်။
 
ထို့နောက် CpA TB Project တွင် တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်မှုအကောင်းဆုံးဝန်ထမ်းများအား ဆုပေးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပြီး Position End သွားသော ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
 
အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ စီမံချက်နှင့် စီမံချက်ဝန်ထမ်းများမှ စီမံချက်၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများ၊ အခက်အခဲအတားအဆီးများနှင့် အခြားစီမံချက်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း