အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အနစ်နာခံ တာဝန်ထမ်းဆောင်မှုများကို လေးစားတန်ဖိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးတွင် ပြောကြား

သြဂုတ်လ (၂) ရက်၊ ၂၀၁၉ ခုနှစ်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်မှ BHS Family Scholarship Program ၏ နာယကဆရာကြီး ဒေါက်တာ သိန်းဆွေထံ Scholarship Program အတွက် အလှူငွေ (၅) သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဇူလိုင်လ ၉ ရက်၊ ၂၀၁၉ ခုနှစ်။


American Refugee Committee (ARC) နှင့် မဲခေါင်ဒေသနိုင်င်ငံများအဖွဲ့ GMS (Greater Mekong Subregion)တို့က ကြီးမှူး၍ ငှက်ဖျားရောဂါနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှ ဒု-ဥက္ကဌ ဦးမြသွင် တက်ရောက်ပါဝင်ခဲ့ပါသည်။

အမ်းမြို့ (သြဂုတ်လ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်)
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ (၂၂) ရက်က အမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သြဂုတ်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။


ထိုင်းနိုင်ငံ Mahidol University တွင် Master of Primary Health Care Management (International Program) သင်တန်း (၂၀၁၉-၂၀ ခုနှစ်)သို့ တက်ရောက်မည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးသန်းစိုးဦးအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) မှ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။