မကွေးတိုင်းဒေသကြီး၊ သရက်မြို့ (ဇွန်လ ၁၅ ရက်၊ ၂၀၁၉ခုနှစ်)
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၁၅ ရက် နံနက် (၉) နာရီမှ နေ့လယ်ပိုင်း (၁၂) နာရီခွဲအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ (ဇွန်လ ၁၁ ရက် ၂၀၁၉ ခုနှစ်)


ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီစွာ ရရှိရေးစီမံချက်ရန်ပုံငွေဖြင့် တောင်ကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေး အသိပညာ မြှင့်တင်ခြင်း အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာ၌ ကျင်းပခဲ့ပါသည်။

ပွင့်ဖြူ၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်


ရေနှင့်သန့်ရှင်းမှုရှေ့ပြေးစီမံချက်ဖြစ်သည့် တောထိုင်ဓလေ့ပပျောက်ရန် ရည်ရွယ်ဆောင်ရွက်သော “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” ၏ မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဇွန်လ (၁၁) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

မေလ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်


စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တို့ ပူးပေါင်းအကောင်ထည်ဖေါ် ဆောင်ရွက်မည့် လူထုဦးဆောင်သော အလုံးစုံ သန့်ရှင်းရေး စီမံချက် “Community-Led Total Sanitation Project” ၏ မြို့နယ်အဆင့် စီမံချက်လုပ်ငန်းများ ဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မေလ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်

ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်မှု ရန်ပုံငွေအဖွဲ့(UNICEF)၏ အထောက်အပံ့ဖြင့် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လူထုဦးဆောင်သော အလုံးစုံ သန့်ရှင်းရေး စီမံချက် “Community-Led Total Sanitation Project” ၏ မြို့နယ်အဆင့် စီမံချက်လုပ်ငန်းများ ဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။