Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မာန်အောင်။ (၂၈၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၏ စီမံချက်ဝန်ထမ်းများက မာန်အောင်မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များအား စီမံချက်လုပ်ငန်းများအကြောင်း တွေ့ဆုံအသိပေး ရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ (၄) နာရီအချိန်တွင် မာန်အောင်မြို့ PATH – R စီမံချက်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဂွမြို့၊ (၁၊ မတ်လ၊ ၂၀၁၉)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (MHAA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီစွာ ရရှိရေး” စီမံချက် (Promoting Access to Health Project in Rakhine State) ၏ မြို့နယ်အဆင့် စီမံချက်အကြောင်း အသိရှင်းလင်းခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် (၁၀ : ၀၀ ) နာရီ မှ (၁၁ : ၀၀) နာရီ အထိ ဂွမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဂွမြို့၊ (၂၃၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက် ဝန်ထမ်းများမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်အား "ကျန်းမာရေးဝန်ဆောင်မူ လက်လှမ်းမီစွာရရှိရေး စီမံချက်" နှင့်ပတ်သက်၍ တွေ့ဆုံအသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ၂၃ရက် နေ့နံနက်(၁၁)နာရီအချိန်တွင် ညောင်ချောင်းကျန်းမာရေးဌာန၌ကျင်းပပြုလုပ်ခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သံတွဲ။ (၂၈၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း ကျန်းမာရေးဝန်ဆောင်မှုလက်လှမ်းမှီ ရရှိရေးစီမံချက်အကြောင်း ခရိုင်အဆင့် လုပ်ငန်းအသိပေးရှင်းလင်းတင်ပြပွဲကို သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၉နာရီမှ ၁၂နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သံတွဲ၊ (၂၀၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၏ စီမံချက်ဝန်ထမ်းများမှ သံတွဲမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအ သင်းဝင်များအား “ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီစွာ ရရှိရေးစီမံချက်” နှင့်ပတ်သက်ပြီး တွေ့ဆုံအသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် (၁၀) နာရီအချိန်တွင် လင်းသာကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။