- Details
- News and Activities
ငဖဲမြို့နယ် (မတ်လ ၈ ရက်၊ ၂၀၁၉ ခုနှစ်)
ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ငဖဲမြို့နယ်)အား ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို ဖေဖော်ဝါရီလ (၈) ရက်က ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
- Details
- News and Activities
ကရင်ပြည်နယ် (ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၀ ခုနှစ်)
Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒေသခံများ၊ သက်ဆိုင်ရာတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံချက်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
- Details
- News and Activities
နေပြည်တော် (ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသည် ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ (၁၈) ရက် မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-16) ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယက ဦးအေးမြင့်၊ ဥက္ကဋ္ဌ ဦးမြသွင်၊ ဒု-ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းနှင့် ပြည်နယ်များမှ ဥက္ကဋ္ဌများ ဖြစ်သော ဦးစောရွှေချိန်၊ ဦးသန်းဌေးအောင်၊ ဦးမောင်မောင်ချမ်းသင်၊ ဦးမျိုးအောင်နိုင်ဝင်းတို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။
- Details
- News and Activities
"အရင်က အိမ်သာဟာ အိမ်ထက်သာရမယ်ဆိုတဲ့ အသိမရှိခဲ့ဘူး အခုတော့ အိမ်သာဟာ အိမ်ထက်သာရမယ်ဆိုတဲ့ အသိကို တစ်ရွာလုံး တကယ်ဝင်သွားကြပြီ"
(ငဖဲမြို့နယ်၊ သာစည်ရွာမှ အမျိုးသမီးတစ်ဦး)
- Details
- News and Activities
ပြင်ဦးလွင် ( ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးမှူးများအတွက် ပထမဆုံးအကြိမ် သုတေသနနည်းပညာအထူးသင်တန်းတစ်ရပ်ကို ပြင်ဦးလွင်မြို့ ဆေးသုတေသနဦးစီးဌာန၊ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် အတွင်းရေးမှူး ဦးဇော်နိုင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။