ငဖဲမြို့နယ် (မတ်လ ၈ ရက်၊ ၂၀၁၉ ခုနှစ်)

ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ငဖဲမြို့နယ်)အား ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို ဖေဖော်ဝါရီလ (၈) ရက်က ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ် (ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၀ ခုနှစ်)

Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒေသခံများ၊ သက်ဆိုင်ရာတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံချက်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

နေပြည်တော် (ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသည် ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ (၁၈) ရက် မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-16) ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယက ဦးအေးမြင့်၊ ဥက္ကဋ္ဌ ဦးမြသွင်၊ ဒု-ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းနှင့် ပြည်နယ်များမှ ဥက္ကဋ္ဌများ ဖြစ်သော ဦးစောရွှေချိန်၊ ဦးသန်းဌေးအောင်၊ ဦးမောင်မောင်ချမ်းသင်၊ ဦးမျိုးအောင်နိုင်ဝင်းတို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။

"အရင်က အိမ်သာဟာ အိမ်ထက်သာရမယ်ဆိုတဲ့ အသိမရှိခဲ့ဘူး အခုတော့ အိမ်သာဟာ အိမ်ထက်သာရမယ်ဆိုတဲ့ အသိကို တစ်ရွာလုံး တကယ်ဝင်သွားကြပြီ"
(ငဖဲမြို့နယ်၊ သာစည်ရွာမှ အမျိုးသမီးတစ်ဦး)

 ပြင်ဦးလွင် ( ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးမှူးများအတွက် ပထမဆုံးအကြိမ် သုတေသနနည်းပညာအထူးသင်တန်းတစ်ရပ်ကို ပြင်ဦးလွင်မြို့ ဆေးသုတေသနဦးစီးဌာန၊ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် အတွင်းရေးမှူး ဦးဇော်နိုင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။