- Details
- News and Activities
- Hits: 2661
ချင်းပြည်နယ်၊ မတ်(၁၇) ၊ ၂၀၂၀ ခုနှစ်
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ချင်းပြည်နယ်) မှ လေးလပတ်အစည်းအဝေးကို မတ်လ ၁၇ ရက်နေ့က ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉) မြို့နယ်မှ မြို့နယ်အမှုဆောင်များ အပါအဝင် စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့သည်။
- Details
- News and Activities
- Hits: 9972
ရန်ကုန်၊ မတ်(၁၉) ၊ ၂၀၂၀ ခုနှစ်
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)ဥက္ကဌ ဦးမြသွင် အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအဖွဲ့ဝင်များ ၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်းဥက္ကဌ တို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့ရှိ လူဦးရေထူထပ်သော နေရာတစ်ခုဖြစ်သည့် တောင်ဒဂုံမြို့နယ်ရှိ YBS ကားမှတ်တိုင်တွင် မတ်လ ၁၉ရက်နေ့က Covid 19 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
- Details
- News and Activities
- Hits: 3040
ရန်ကုန်၊ မတ်လ (၁၇) ၊ ၂၀၂၀ခုနှစ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတဝန်း ကာကွယ် ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက်( National Vaccination Evaluation Survey)အတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ခန့်ထားသော စေတနာ့ဝန်ထမ်း များအား အသင်းဥက္ကဌ ဦးမြသွင်မှ မတ်လ(၁၇) ရက်နေ့တွင် တွေ့ဆုံ၍ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချိန်တွင် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကြံပြုပြောကြားခဲ့သည်။
ငဖဲမြို့နယ် ပဘဲကျေးရွာတွင်ကျန်းမာရေး အသိပညာပေးဟောပြောပြီး အခမဲ့ဆေးကုသပေး ခြင်းများကွင်းဆင်းဆောင်ရွက်
- Details
- News and Activities
- Hits: 3157
ငဖဲမြို့နယ်၊ မတ်လ(၁၆) ရက် ၊ ၂၀၂၀ ခုနှစ်
မင်းဘူးခရိုင်၊ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး အသင်း နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးအသိပညာ ပေး ဟောပြောပွဲနှင့် အခမဲ့ဆေးကုပေးခြင်း လုပ်ငန်းများကို မတ်လ ၁၄ ရက်နေ့က ငဖဲမြို့နယ် တောင်ပေါ်ဒေသ ပဘဲကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
- Details
- News and Activities
- Hits: 2308
အသက်တစ်နှစ်ရှိ သမီးလေး ဟာတူတစ်ယောက် ရခိုင်ပြည်နယ် မင်းပြားမြို့ ဆန်ထိုးတန်းကျေးရွာရှိ ရွေ့လျားဆေးကုခန်းတခုမှာ လာရောက်ပြသတဲ့အချိန်မှာ လွန်စွာအာဟာရချို့တဲ့ခြင်းဖြစ်နေတယ်ဆိုတာကို သိရှိခဲ့ရပါတယ်





