- Details
- News and Activities
- Hits: 3012
နေပြည်တော် (ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၀ ခုနှစ်)
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှု စစ်တမ်း(Nationwide Vaccine Coverage Evaluation Survey)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက် နံနက် ၉ နာရီတွင် Hotel Max နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အဖွဲ့ တက်ရောက်ပါဝင်ခဲ့ကြသည်။
- Details
- News and Activities
- Hits: 2976
ချောင်းဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (ဖေဖော်ဝါရီ ၇ ရက် ၊ ၂၀၂၀ ခုနှစ်)
ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက်၏ ဘက်စုံစေတနာ့ဝန်ထမ်း (ICMV) မွမ်းမံ သင်တန်း ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၇) ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
- Details
- News and Activities
- Hits: 2694
စစ်ကိုင်း ( ဖေဖေါ်ဝါရီ ၃၊ ၂၀၂၀ခုနှစ် )
ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး စီမံချက်(Reaching Equitable Access to health through local-empowerment(Real) Project ) ဖြင့် ဘက်စုံစေတနာ့ ဝန်ထမ်း (ICMV) မွမ်းမံသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံအတွင်းရှိ ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သည်။
- Details
- News and Activities
- Hits: 2842
ရန်ကုန် (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၀ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လုပ်ကိုင်နေသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
- Details
- News and Activities
- Hits: 3035
ရန်ကုန်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ ၂၀၂၀ ခုနှစ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတဝန်း ကာကွယ် ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက်( National Vaccination Evaluation Survey)အတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ခန့်ထားသော စေတနာ့ဝန်ထမ်း များအား အသင်းဥက္ကဌ ဦးမြသွင်မှ ဇန်နဝါရီလ (၄) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံ၍ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချိန်တွင် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကြံပြုပြောကြားခဲ့သည်။





