Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ညောင်ဦး ( ဇွန်လ ၁၃ ရက်၊၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) မှ Covid-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ညောင်ဦးမြို့နယ်၊စဉ့်ကူဈေးတွင် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း (Mask Campaign) ကို ဇွန်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကလေး ( ဇွန်လ ၃ရက်နေ့၊ ၂၀၂၀ ခုနှစ်)

စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းပေးခြင်း သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့ရှိ မြို့တော်ခန်းမတွင် ဇွန်လ (၃) ရက်နေ့က ပြုလုပ်ခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မအူပင် ( ဇွန်လ ၄ရက်နေ့၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( မအူပင်ခရိုင်) မှ မအူပင်တက္ကသိုလ်ရှိ Facility Quarantine Center သို့ တကိုယ်ရည်သုံး Hand Gel များအား ဇွန်လ (၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ရန်ကုန်( မေ ၂၈ ၊ ၂၀၂၀ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အဝတ် FaceMask အရေအတွက် (၂၀၀) ခု ၊ N-90 Face Mask အရေအတွက် ( ၁၀၀) ခုနှင့် ငွေကျပ်တစ်သိန်းကို လှိုင်မြို့နယ်ရှိ Hlaing Quarantine Center အတွက် မေလ ၂၈ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မကွေး (မေလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မကွေးတိုင်းဒေသကြီး ) မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Covid-19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ Covid-19 ပိုးတွေ့လူနာ၏ နေရပ်ဖြစ်သော တောင်တွင်းကြီးမြို့နယ်သို့ ငွေကျပ်သုံးသိန်း ထောက်ပံ့လှူဒါန်းခဲ့သည်။