Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ရန်ကုန် ( ဒီဇင်ဘာ ၂ ရက်နေ့ ၊၂၀၂၀ ခုနှစ်)
 
ရန်ကုန်တိုင်း‌ေဒသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသို့ နှာခေါင်းစည်း Mask အခုရေ ( ၅၀၀၀၀) ကို ဒီဇင်ဘာလ (၁) ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ လက်ခံရယူခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စစ်ကိုင်း ( ၂၅ ရက် နိုဝင်ဘာ၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) မှ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ရန်ကုန် (နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ်)
 
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရင်း COVID-19 ရောဂါကူးစက်ခံရပြီး ကွယ်လွန်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးနေလင်းဦး၏ နေအိမ်သို့ မြန်မာနိုင်ငံကျန်မားရေးမှူးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်၍ နာရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

အမ်းမြို့နယ် ( နိုဝင်ဘာလ ၁၆ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)


ပြည်သူလူထုအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများလျော့ကျစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် Mask and Face Shield Campaign ကို နိုဝင်ဘာလ (၁၆) ရက်နေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် အမ်းမြို့နယ်ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းပါဝင်၍ ပြုလုပ်ခဲ့ကြသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သံတွဲ ( နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)

ပြည်သူလူထုအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများလျော့ကျစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် Mask Campaign ကို နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် သံတွဲ မြို့နယ်ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းပါဝင်၍ ပြုလုပ်ခဲ့ကြသည်။