အောက်တိုဘာလ (၂) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဌေးအောင်၊ Central Program Manager ဦးသန့်ဇော်၊ Deputy Central Program Manager ဦးမျိုးချစ် တို့ အဖွဲ့သည် မိုင်းဖြတ်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံးသို့ သွားရောက်ခဲ့ပြီး စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ စီမံချက်လုပ်ငန်း ကိစ္စများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာလ (၆) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အရေးပေါ်အစည်းအဝေးကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် (၉) ခု အတည်ပြုချမှတ်ခဲ့

အောက်တိုဘာလ (၂) ရက်၊ ၂၀၁၉ ခုနှစ်။

Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အောက်တိုဘာလ (၂) ရက်နေ့က မိုင်းဖြတ်မြို့နယ်သို့ ရောက်ရှိခဲ့ကြပြီး ဒေသခံများ၊ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (၂) ရက်တာ သင်တန်းတစ်ရပ်ကို စက်တင်ဘာလ (၂၀) ရက်နှင့် (၂၁) ရက်တို့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဦးထွန်းကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စက်တင်ဘာလ (၁၄) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ (၁၄) ရက်မှ (၁၆) ရက်အထိ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။