(ဇူလိုင်လ ၂၉ရက်၊ ၂၀၁၉ ခုနှစ်)


ကျန်းမာရေးစီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုထံ လွယ်ကူ၊လျှင်မြန်၊ ထိရောက်စွာ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံခန့်ခွဲမှုနယ်ပယ်တွင်ရှိသော ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုသင်တန်း (Management Training) ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး (ဗဟို) ဦးထွန်းကြည်ခန်းမ၌ ဇူလိုင်လ (၂၉)ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ် (သြဂုတ်လ၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နှင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း၊ မွန်ပြည်နယ်ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ရေဘေးဒုက္ခခံစားနေရသည့် မွန်ပြည်နယ်ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကို ပြည်နယ်ကျန်းမာရေးဦးစီဌာနနှင့် ညှိနှိုင်းတိုင်ပင်၍ စုစုပေါင်းငွေကျပ် (၆၀၀၀၀၀၀ိ/-) (သိန်းခြောက်ဆယ်) တန်ဖိုးရှိ ငွေကြေးနှင့် ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

(ဇူလိုင်လ၊ ၂၀၁၉ ခုနှစ်)


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦး၊ ဒီပဲယင်း၊ မြောင်နှင့် ယင်းမာပင် မြို့နယ် (၄) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ပြုလုပ်လျှက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်များ၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်တွေ၊ ( သြဂုတ်လ ၂ ရက်၊ ၂၀၁၉ ခုနှစ်)


ရခိုင်ပြည်နယ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ကူညီပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(Access to Health Fund)၏ ကျန်းမာရေးနှင့်ဆက်စပ်အဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(State Health Working Group Meeting)နှင့် စီမံချက် အကြောင်းအသိပေးဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ(၁)ရက် နှင့်(၂) ရက်တို့က စစ်တွေမြို့ ယုဇနအောင် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒု- ဥက္ကဌ ဦးမြသွင်နှင့် စီမံချက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး (ဇူလိုင်လ၊ ၂၀၁၉ ခုနှစ်)


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ပြုလုပ်လျှက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်များ၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။