ပုသိမ်မြို့ (ဇူလိုင်လ ၁၇ ရက်၊ ၂၀၁၉ ခုနှစ်)


ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လေးလပတ်နှင့် မြို့နယ်စုံညီအစည်းအဝေးကို ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၁၇) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ် မိုးမောက်မြို့ ( ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်)

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး (Stakeholders Coordination Meeting) ကို ဇူလှိုင် (၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန် (ဇူလိုင် ၁၅ ရက်၊ ၂၀၁၉ ခုနှစ်)

ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် အောင်ဆန်းတော်ရ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးကေလာသ ဦးဆောင်သော သံဃာတော် (၅)ပါးကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ရုံးသို့ ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ (ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို ပခုက္ကူခရိုင် မြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်လ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်)


မွန်ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ ၆ ရက်က မော်လမြိုင်မြို့ ဆရာဝန်အသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။