ကျောက်ပန်းတောင်း (ဒီဇင်ဘာလ၂၈ရက်နေ့ ၊၂၀၂၀ခုနှစ်)
 
Covid -19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက်ကျောက်ပန်းတောင်းမြို့နယ်တွင်မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့်ကျောက်ပန်းတောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူး‌ေပါင်း၍ နှာခေါင်စည်းMaskများနှင့် Covid-19 ကာကွယ်ရေးဆိုင်ရာလက်ကမ်းစာ‌ေစာင်များ အခမဲ့ဝေငှခြင်းကို ဒီဇင်ဘာ(၂၈)ရက်နေ့ နံနက်ပိုင်းကကျောက်ပန်းတောင်းမြို့နယ်၊မြို့မစျေး၌ပြုလုပ်ခဲ့သည်။

ရန်ကုန် (ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် ကူးစက်မှုပပျောက်ရေး စီမံချက် နှစ်ပတ်လည်စီမံချက်လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို Virtual Meeting ဖြင့် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန် ( ဒီဇင်ဘာလ ၂၈ရက် ၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Access to Health Fund အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော Real Project (Kachin) Annual Review Meeting (2020) ကို ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် virtual platform (အွန်လိုင်း) ဖြင့်ပြုလုပ်ခဲ့ပါသည်။

ကန့်ဘလူ( ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၀ ခုနှစ်)
 
ကန့်ဘလူမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ဘူးကုန်းကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မလယ်လမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များနှင့် ဘူးကုန်းကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများမှ နှာခေါင်းစည်းMask များကို ပြည်သူများအား ဝေမျှပေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း