( ၉ရက် ၊ ဧပြီလ၊ ၂၀၁၉ ခုနှစ် )

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မအူပင်ခရိုင်)၏ (၄)လပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် (၅)နှစ်စာ မဟာဗျူဟာစီမံကိန်း လုပ်ငန်းရှင်းလင်းပွဲကို ဧပြီလ ၉ ရက်က ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၆ ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃) အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ပထမအကြိမ် အလုပ်ရုံအစည်းအဝေးပွဲကို မြန်မာနိုင်ငံကျန်မာရေးမှူးအသင်း အစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက် စနေနေ့ နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သည်။

Myanmar Health Assistant Association သည် ကျန်းမာရေးဌာန၏ လက်ရုံးဖြစ်ပြီး အသင်းတိုးတက်ခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုးတက်ခြင်းအဖြစ်ယူဆကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြား

(မတ်လ၊ ၃ ရက်၊၂၀၁၉ ခုနှစ်)

 

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ၅နှစ်စာ မဟာဗျူဟာ စီမံကိန်း (၂၀၁၉ - ၂၀၂၃) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို မတ်လ (၃) ရက်နေ့က ရန်ကုန် Pullman Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ကရင်ပြည်နယ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပေါ်ခဲ့သော ရေဘေးများနှင့် ပတ်သက်၍ ဇူလိုင်လ ၂၀၁၈ ခုနှစ်တွင် စုစုပေါင်း တန်ဖိုးငွေ ( ၂,၅၅၀,၀၀၀ိ/-) နှစ်ဆယ့်ငါးသိန်းငါးသောင်း ကျပ်တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများကို ပြည်နယ် ခရိုင် မြို့နယ်ကျန်းမာရေးမှူးအသင်းများနှင့်ချိတ်ဆက်ပူးပေါင်၍ လျူဒါန်းခဲ့ပါသည်။