ရန်ကုန်(အောက်တိုဘာလ ၁ရက်၊ ၂၀၂၀ ခုနှစ်)

ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်လျှက်ရှိပြီး ယနေ့ စက်တင်ဘာလ (၂၉) ရက် တွင်လည်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စေတနာ့ဝန်ထမ်း ဆရာဝန်(၁)ဦးနှင့် ကျန်းမာရေးမှူး (၉) ဦးတို့သည်

ရန်ကုန် (စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ၏ (၂၀၂၀) ခုနှစ် ဒုတိယလေးလပတ်အစည်းအဝေးကို စက်တင်ဘာလ (၂၆) ရက်က Online မှ တဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန် (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၀ ခုနှစ်)
 
ယခုလ (စက်တင်ဘာလ)အတွင်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တင်ပြလာသည့် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးမှူး( ၂၇)ဦး ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ (၁)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် -၂ (၉ )ဦး နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းစီမံချက်လုပ်ငန်းများမှ ဝန်ထမ်း(၈)ဦး စုစုပေါင်း (၄၅)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ၄၅၀၀,၀၀၀ (ကျပ်လေးဆယ့်ငါးသိန်းတိတိ)အား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ထောက်ပံပေးခဲ့ပါသည်။

 
မိုင်းပျဉ်း ( စက်တင်ဘာလ ၁၀ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာ‌ရေးမှူးအသင်းရဲ့ ‌ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု့ လက်လှမ်းမီရရှိရေးစီမံချက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ (၂၀၂၀) ပြည့်နှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွေမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ ပါဝင်ခဲ့ပါတယ်။

လှိုင်းဘွဲ့(ဩဂုတ်လ ၂၆ရက်၊၂၀၂၀ခုနှစ်)
 
(၂၀၂၀)ပြည့်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ပိုင်ကျုံကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပိုင်ကျုံမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်မှ အခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပိုင်ကျုံကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးမှ အာဟာရနှင့်ပတ်သက်သည့် ကြယ် (၄)ပွင့် အကြောင်းရှင်းလင်းပြောကြားခဲ့သည်။